Dec 26
မြန်မာလူမျိုးများသည် ရမ်းသန်းယုံကြည်ကိုးကွယ်ကြသည် (နတ်ကိုးကွယ်မှုအားဆိုလိုပါသည်)။ ရမ်းသန်းလုပ်တတ်ကြသည်။ ရမ်းသန်းကာစကားပုံလိုလို အတိတ်လိုလို တဘောင်လိုလိုလုပ်တတ်ကြသည်……………………..
များစွာ..များစွာသောနေရာများတွင် ရမ်းသန်းလုပ်ခဲ့ကြသည်။
ထိုထိုသော ရမ်းသန်းမှုများစွာ အတွင်းမှ အိမ်ထောင်ရေးနှင့်ပတ်သတ်သော…. ဘ၀င်မကျသော …….ရမ်းသန်းမှုအကြောင်းနည်းနည်းလေးပြောချင်ပါသည်။
 နေရာများစွာမှာ သုံးနေကျ….ကြားနေကျ စကားပုံလေးတစ်ခုနဲ့ စပြောချင်ပါတယ်….
 ““““ လင်နဲ့ မယား….. လျှာနဲ့ သွား““““
တစ်ခါတစ်လေ ရန်ဖြစ်တာရှိမှာပေါ့တဲ့……………
စလာကတည်းက အပျက်ဖက်ကစတဲ့ စကားပုံက…… ဆုံးမရင်လည်းကောင်းမယ့် နေရာမှာရှိတဲ့ဆုံးမမှုမျိုးဖြစ်မှာမဟုတ်ဘူး။
အဲ့လိုဆုံးမခံရတဲ့ လင်မယားအနေနဲ့ လည်း  အော်ငါတို့ တစ်ခါတစ်လေလေး ရန်ဖြစ်တာပဲဘာမှ ဖြစ်မှာမဟုတ်ပါဘူးလို့ ဖော့တွေးမိတော့မှာပဲ။
အဲ့လိုကစလိုက်ကြတာ …….. နားလည်မှုပါယူမရတော့လို့ ကွဲပြဲကုန်တာ တော်တော်လေးကြားရတယ်………..
အဲ့လိုရမ်းသမ်းစကားပုံလုပ်ပြောတဲ့ လူကြီးတွေကိုကြည့်မရဘူုး…………….. ကသန်းကရမ်းလုပ်တဲ့တဲ့ လူကြီးတွေကိုပြောပါတယ်။
တကယ်တော့   ““““ လင်နဲ့ မယား….. လျှာနဲ့ သွား““““ ဆိုတဲ့စကားပုံလေးလောက်အဓိပ္ပါယ်ပြည့်ဝတဲ့ စကားပုံလေးကိုများ…
ရန်ဖြစ်တဲ့နေရာမှာသုံးထားတာပြောပါတယ်။
တစ်ကယ်တမ်းသေချာတွေးကြည့်ရင်အဲ့လိုမဟုတ်ဘူးလို့ ကျွန်တော်ခံစားရတယ်………
လျှာနဲ့ သွားဆိုတာ ခဏခဏကိုက်မိတယ်ဆိုတာမှန်ပါတယ်
ဒါပေမယ့် စကားပုံဆိုတာမှတ်သားစရာလေးကောင်းမှ ပြောရကျိုးနပ်မယ့်ဟာကို ခုလိုသုံးတာတော့မှားနေတယ်လို့ ခံစားရတယ်။
တကယ်တမ်း လျှာနဲ့ သွားတာဝန်က အစာစားသောက်မှုဖြစ်စဉ်တစ်ခုလုံးအတွက်သိပ်အရေးကြီးပါတယ်။
လျှာနဲ့ သွား ကသာ သူ့ တာဝန်သူကျေပွန်လို့  လူဆိုတဲ့ ယန္တရားအသက်ရှင်နေနိုင်တာ….
အဲ့လိုပါပဲ အိမ်ထောင်ဆိုတာတစ်ခုကို မတည်ဆောက်ခင်ကတည်းက အဖက်ဖက်က စဉ်းစားသင့်တယ်……
နှလုံးသား ၊ ဦးဏှောက် (ပိုက်ဆံကိုမဆိုလိုပါ အသိုင်းအ၀ိုင်းကိုသာရည်ရွယ်ပါသည်) အရာအားလုံးကြိုတင်စဉ်းစား ညှိနှိုင်းပြီးမှယူသင့်တယ်ထင်ပါတယ်။
ချစ်လို့ ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ယူပြီးကြပြီဆိုရင်တော့ နားလည်မှုရှိရှိနေသွားကြတာအကောင်းဆုံးလို့ ထင်ပါတယ်။
ဘ၀ဆိုတဲ့ ခရီးကြမ်းကြီးထဲ အတူတူလက်တွဲ ဖြတ်သန်းကြတော့မယ့်သူနှစ်ယောက်မှာ လေးနက်တဲ့ နားလည်မှုဆိုတာတော့ရှိသင့်ပါတယ်။
နောက်လိုက် ဇနီးကောင်းတစ်ယောက်ဖြစ်ဖို့   ခင်ပွန်းကို နားလည်ချစ်ခင်မှု ရှိနေသင့်သလို “လျှာ“တာဝန်ယူထားသလို အစာတွေကိုသွားကြိတ်ဝါးနိုင်အောင် သူနေရသူရောက်အောင် သိုသိပ်ပေးရန်လည်းအရေးကြီးပါသည်။
ထို့ ကြောင့်ယင်းစကားပုံလေး အပေါ် ကျွန်တော့်အနေနှင့်တော့ ခင်ပွန်းနှင့်ဇနီး တာဝန်ယူမှုအပိုင်းကို မမေ့လျှော့အောင် သတိပေးထားတယ်လို့ ပဲထင်ပါတယ်။
အဲ့ဒါကိုပဲ ရန်ဖြစ်တဲ့နေရာမှာယူသုံးနေတာကြီးကိုတော့ဘ၀င်သိပ်မကျလို့ ရေးလိုက်မိပါတယ်။
သိလွန်းတတ်လွန်းလို့ တော့မဟုတ်ပါ။
မိမိနှင့်အမြင်မတူပါကလည်းလွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ပါသည်ခင်ဗျာ။
လေးစားလျှက်
SYNC~
Dec 23
သတိ
icon1 synchro305 | icon2 Uncategorized | icon4 12 23rd, 2008| icon36 Comments »
တက်ကြွကြတယ်….. လွပ်လပ်ပေါ့ပါးကြတယ် ……. ဟန်ဆောင်မှုတွေကင်းခဲ့ကြတယ်…….
ဒါပေမယ့်…..
လောကဓံက ငါတို့ ကိုဖြတ်ရိုက်…..
ငါတို့ မိုက်ခဲ့ကြတာမဟုတ်ဘူး…..
စိတ်ဓါတ်အမျိုးမျိုး ရှိတဲ့လူတွေအကြောင်းပိုနားလည်လာခဲ့တယ်….
လူဆိုသည်မှာ……….
အခြားတစ်ပါးသောသူ ကျဆုံးတာသိပ်မြင်ချင်ကြသည်…. (ကျွန်တော်တို့ သူငယ်ချင်းတွေဘ၀ထဲကကြုံခဲ့ရတဲ့သူတွေကိုရည်ရွယ်ပါသည်)
သနားသလိုလို ဂရုဏာသက်သလိုလိုဖြင့် အားရတတ်ကြပါသည်။
သို့ သော်………….
ကျွန်တော်တို့ ဘ၀တွေ ……..
ကျွန်တော်အပါအ၀င်…. ကျွန်တော့်သူငယ်ချင်းတွေ
မည်သူမျှ လဲကျမသွားခဲ့ပေ……။
ကိုယ်ရပ်တည်သောနေရာတွင် ခိုင်ခိုင်မြဲမြဲရပ်တည်ထားကြသည်။
မည်သူမျှစိတ်ဓါတ်အင်အားချည့်နဲ့ ယိမ်းယိုင်မသွားကြပေ………။
ကျွန်တော်အပါအ၀င် ….
သူငယ်ချင်းအားလုံး ထိုနေ့ ရက်အားမမေ့မလျှော့မိစေရန်
ယခုပိုစ်အား တင်လိုက်ပါသည်။
19 March 2004
လေးစားလျှက်
sync~
Dec 17
Key logger ….
icon1 synchro305 | icon2 Uncategorized | icon4 12 17th, 2008| icon34 Comments »
Keylogger - :defination
Keylogger is a computer program or hardware device specialized to record your keystrokes. It can record anything that you type, including your passwords, emails, credit card number, etc. Most keyloggers are invisible. They save the recorded keystrokes into a log file or send them to another machine.
Key logger Software ရှိနေပြီဆိုရင် ပုံမှန်အားဖြင့်တော့  (Windows 95/98/Me) သွင်းထားတဲ့စက်တွေမှာဆိုရင် C:\Windows\System အောက်မှာရှိနေတတ်ပါတယ်။ (Windows NT/2000) ဆိုရင် C:\WINNT\System32 (Windows XP) မှာဆိုရင် C:\Windows\System32 အောက်တွေမှာတွေ့ ရတတ်ပါတယ်။ tikl.exe, tikl32.dll, tikl.log ဆိုတဲ့ Name တွေနဲ့ ရှိနေတတ်ပါတယ်။
ခုကျွန်တော်ပြောမယ့် Keylogger ဖျက်မယ့် အဆင့်တွေကတော့ Tiny Keylogger ဆိုတဲ့အမျိုးအစားအတွက်ဖြစ်ပါတယ်။
  1. Start the registry editor. This is done by clicking Start then Run. (The Run dialog will appear.) Type regedit and click OK. (The registry editor will open.)
  2. Browse to the key:’HKEY_LOCAL_MACHINE \ SOFTWARE \ Microsoft \ Windows \ CurrentVersion \ Run’
  3. In the right pane, delete the value called ‘TiKL’, if it exists.
  4. Browse to the key:’HKEY_CURRENT_USER\ SOFTWARE \ Microsoft \ Windows \ CurrentVersion \ Run’
  5. In the right pane, delete the value called ‘TiKL’, if it exists.
  6. Delete ‘HKEY_CURRENT_USER\SOFTWARE\TiKL’, if it exists.
  7. Exit the registry editor.
  8. Restart your computer.
  9. Delete the following files:%SystemDir%\tikl.exe
    %SystemDir%\tikl.log
    %SystemDir%\tikl32.dll
    Note: %SystemDir% is a variable (?). By default, this is C:\Windows\System (Windows 95/98/Me), C:\WINNT\System32 (Windows NT/2000), or C:\Windows\System32 (Windows XP)
လွယ်လွယ်ကူကူပဲ သတ်ချင်တယ်ဆိုရင်တော့ AVG သွင်းပါ… ပြီးရင် virus defination update ( latest ) လုပ်ပါ။ ပြီးရင်တော့ scan ဖတ်ပါ။
AVG လေးက keylogger ကို သတ်ပေးနိုင်ပါတယ်ခင်ဗျာ။ AVG ကို ဒီမှာ Download လုပ်ပါ။
နောက်ကောင်းတဲ့ Software တွေရှိပါသေးတယ်
Microsoft AntiSpyware Beta
Spyware Doctor
Ad-Aware SE
SpyHunter
eTrust PestPatrol
Spybot - Search & Destroy
နောက်ထပ်တော့အများကြီးရှိသေးတယ်…. လိုချင်တယ်ဆိုရင်လည်း ဒီမှာယူကြပါဗျာ … :P
WebPI
007 Spy Software
007 Starr
123 PС Spy
2Spy
A Keylogger
AB System Spy
ABCKeylogger
Absolute Key Logger
AceSpy
Actions Monitor
Active Key Logger
Active Monitor
ActiveVB KeyLogger
Activity Keylogger
Activity Logger
ActMon
Advanced Call recorder
Advanced Computer Monitor
Advanced Keylogger
AegisCOM
AGM65s Keylog trojan
Akosch Keylogger
Aku Key Logger
Akuku 889 A
Anserin
Appstraka
Ardamax Keylogger
AtomicLog
Backdoor.IRC.Fusion.20
BagKeys
BEEE
Belkin PCSpy
Beyond Keylogger
BizDefender
Black Box
BlackLog
BlazingTools Perfect keylogger
Boss Everyware
Busted
Call Online Two
Canary
CapScrn
Captain Mnemo Pro
CAPTSR
Cheat Monitor
Chota
CLogger
COM
Com Policy
Complete Keystroke Logger
CompuSpy
Computer Snooper
Computer Spy
ComputerSpy
Conducent
Content Monitor
Covenanteyes
CQMA
CQzjz102sgb
Cyber Informer
Cyber Predator
Cyber Snoop
Dafunks Keylogger
DBdoor
De Llano KeyLogger
Desktop Detective
Desktop Detective 2000
Desktop Scout
Desktop Snooper
Desktop Surveillance
DGSSSoftware keylogger
DirSpy
DKS KeySpy
Donkey KeyLogger
DOS Log
Dr Modem
Dreamscape Keylogger
DSK Lite 1.0
EarSpy
EBlaster
EBlaster
EBlaster 5.0
Edepol
Ehks
Elfrah PCSpy
ElGolf 1.0b
Elhacker Keylogger
EliteKeylogger
EMA Info Grabber
Email PI
Enfiltrator Black Box
ESP
Keyloggers from 1 to 100, page 1
1  2  3  4  5  6  Next
လေးစားလျှက်
SYNC~
Oct 16
Cyber cafe လုပ်တဲ့သူငယ်ချင်းတစ်ယောက် လာမေးလို့ သူ့ ကိုပြရင်းနဲ့ တင်လိုက်တာပါ။ တော်တော်များများကတော့ သိပြီးသားဖြစ်မှုာသေချာပါတယ်။ လိုတဲ့သူတွေလည်း ယူသုံးလို့ ရအောင်ပြန်တင်ပေးလိုက်တာပါ။
To disable the Control Panel in Windows XP:
  1. Click Start and click Run.
  2. Type gpedit.msc and click OK.
  3. Within the Group Policy Editor, expand the following: User Configuration | Administrative Settings | Control Panel.
  4. In the details pane, double click Prohibit access to the Control Panel.
  5. Click Enabled and click OK.
Window ထဲမှ Control Panel ကိုဖျောက်ထားရန်
၁။ Start အောက်မှ Run ကိုဝင်ပါ။
၂။ gpedit.msc ကိုရိုက်ပြီး OK နှိပ်ပါ။
၃။  Group Policy Editor ပေါ်လာပါက User Configuration အောက်မှာ Administrative Templates အောက်မှ Control Panel အောက်အထိဝင်ပါ။
၎။ ညာဖက်မှ details pane တွင် Prohibit access to the Control Panel ပေါ်တွင် double click နှိပ်ပါ။
၅။ Click Disable and click OK။
၆။ ပြီးလျှင် window အား restart ချပါ။
လေးစားလျှက်
SYNCHRO
Sep 23
အို …..
လောကီ … ပြောမည်ဆိုလည်း မောပါသည် …..
ဒီနေ့ လုပ်စရာရှိတာတွေ သွားမလုပ်ခင်နည်းနည်းလေးအားနေတာနဲ့ ဆိုဒ်ဘာကနေ ဘလော့လေးကိုသွားကြည့် ပြီးတော့မေးလ်စစ် ဟိုလုပ်ဒီလုပ်နဲ့ အချိန်နည်းနည်းလေးဖြုန်းနေမိတယ်။
သိတော်မူတဲ့အတိုင်း ကျွန်တော် ကလည်း ကွန်ပျူတာကိုင်ရင် ကိုယ့်စက်ဟုတ်ဟုတ် မဟုတ်ဟုတ် (သူများကိုယ်ရေးကိုယ်တာတွေကိုတော့မလုပ်ပါ) စပ်စပ် စပ်စပ်လေးလုပ်လိုက်ရမှ ကျေနပ်တာဆိုတော့
သုံးနေတဲ့ ဆိုင်ကကွန်ပျူတာမှာ ဘာတွေသွင်းထားသလဲ စပ်စုမိမှပဲ ခုလိုတည့်တည့်ကိုတွေ့ တော့တာပဲ။
အဲ့ဆိုင်ကစက် (ကျွန်တော်သုံးတဲ့စက်မှာပေါ့) မှာ keylogger အမျိုးအစား software တစ်မျိုးသွင်းထားတာသွားတွေ့ တယ်။ keylogger တွေဘယ်လိုသုံးလဲဆိုတာ ကျွန်တော်ကလိဖူးတော့သိ
keylogger အမျိုးအစား software ဆိုသည်မှာ လက်ရှိသုံးနေတဲ့စက်မှာ ရိုက်သမျှ key တွေကို လက်ရှိစက်ထဲမှာမှတ်ရင်မှတ် ဒါမှမဟုတ် server လိုဟာမျိုးတွေကိုပို့ ပေးတတ်ကြပါတယ်။
ဒါကတော့အားလုံးသိကြတဲ့အတိုင်းပေါ့……
ဒီ software တွေကို များသောအားဖြင့် ကျွန်တော်သိသလောက်လေးပြောတာပါ…
password ခိုးတဲ့နေရာတွေမှာသုံးကြပါတယ်။
ကျွန်တော်ပြောချင်တာကဗျာ ဆိုင်အတွက် နိုင်ငံရေးဆိုဒ်တွေ ဘာတွေ ဘန်းထားတယ်ဆိုတာမျိုးကို လက်ခံပေးနိုင်စရာရှိပေမယ့် ခုလိုမျိုး သူများအတွင်းရေးကို စွက်ဖက်သလို လုပ်တာတော့ လုံးဝမကြိုက်ဘူး။
ကျွန်တော့်စိတ်သဘောအတိုင်းဆိုရင် နည်းပညာနည်းနည်းနားလည်တဲ့သူ အချင်းချင်းဒါမျိုးလုပ်တယ်ဆိုတာကို ဘယ်လိုနည်းနဲ့ ပဲဖြစ်ဖြစ်ကျွန်တော်နားလည်လက်ခံပေးနိုင်ပါတယ်။
မသိလိုက်လို့ ခံလိုက်ရတယ်ဆိုတာ (ကိုယ်ညံ့လိုက်လို့ မသိတာပဲဆိုပြီး) လက်ခံပေးနိုင်ပါတယ်။
အဲ့ဒီတော့အများသိတော်မူတဲ့ မောင်ဆင်ခရိုလေး ပညာပြတော့မယ်ဆိုတာကတော့ အကြောင်းသိတဲ့လူတွေသိမှာပါ။
တကယ်ပါဗျာ ထွေထွေထူးထူးသိပ်မလုပ်ခဲ့ပါဘူး လုပ်လဲမလုပ်တတ်ပါဘူး…..
Registry ထဲ့ကတစ်ကြောင်းလေးပဲ ဖျက်ခဲ့တာပါ…..
ဟီး…. ဟီးး
ဒီပိုစ့်လဲအဲ့ဆိုင်ကနေတင်ခဲ့တာ။ တင်ပြီးမှ လုပ်ခဲ့တာ… တကယ်ပါ… ဘာမှမဖြစ်ပါဘူး…
စက်ကိုနောက်တစ်ခါ Restart မချခင်အထိပေါ့….. :P
ဟင်း… ဟင်း… သေသွားမယ်ဒါမျိုးလာမလုပ်နဲ့ ။
ပြီးတော့ရိုက်ခဲ့ပါသေးတယ် စာကြောင်းတစ်ကြောင်းနှစ်ကြောင်း… သူတို့ မှတ်ထားတဲ့နေရာ (keylogger software ကမှတ်ပေးတဲ့နေရာ) ကိုသူတို့ ဖွင့်ကြည့်ရင် ဖတ်လို့ ရအောင်လို့  :P
ရိုက်ခဲ့တာလေးကတော့အောက်ပါအတိုင်းဖြစ်ပါကြောင်း
“ဘုရားရှင်ဟောကြားခဲ့သော တရားတော်တွင် ပိုင်ရှင်မသိပဲ တစ်စုံတစ်ရာယူခြင်း ပြုလုပ်ခြင်းမှာ ခိုးမှုထိုက်သည်။ ထို့ ကြောင့် အသင်သူခိုးအား ကျွန်ုပ်အသိပေးလို သည်မှာ နောက်တစ်ခါ Restart ချပြီးလျှင် အသင်သေချာပေါက် Window ပြန်တင်ရမည်ဖြစ်သည်။ ထို့ ကြောင့် ကြိုတင်ပြင်ဆင်ပါလေ”
ဟူသတတ်….
လေးစားစွာဖြင့်
SYNCHRO 
Sep 19
အင်း….
သူတို့ လုပ်မှပဲစဉ်းစားမိတော့တယ်
တကယ်တော့ဗျာ လောကမှာ ဖြစ်ချင်တာတွေပဲဖြစ်နေကြရတာမဟုတ်လား
လောကကြီးကိုဖန်တီးထားတဲ့ ဇာတ်ဆရာ ပြစ်ချထားတဲ့ ဇာတ်ရုပ်မှာကျွန်တော်တို့ တွေလိုက်ကနေရတာ
ပဲမဟုတ်ဘူးလား။ လူတော်တော်များများ .. အားလုံးနီးပါးပါပဲ… ကိုယ်လုပ်စရာရှိတာတွေလုပ်မပြီးခင်… ဘာမှကိုမလုပ်ရသေးခင် (လုပ်ချင်တာတွေလုပ်ခွင့်မရလို့ ကြိုးစားနေချိန်) …. တွေမှာ သေဆုံးသွားခဲ့ကြရတာများပါတယ်။ ကိုယ်ဘယ်နေ့ သေမယ်ဆိုတာကြိုသိကြတာ နည်းပါတယ်။ ယေဘုရ အားဖြင့် ရောဂါတစ်ခုခုကြောင့် အချိန်ဘယ်လောက်ပဲခံတော့မယ်ဆိုတာ မျိုးသာသိရင်တော့ခုလို ပြင်ဆင်ဖို့ စဉ်းစားနိုင်ကြမှာ…. ဒါတောင်ခဲယဉ်းပါတယ်… ဆရာဝန်တွေက လူနာတွေရသမျှစိတ်ချမ်းသာပါစေဆိုပြီး အုပ်ထိန်းသူတွေလောက်သာအသိပေးပြီး လူနာကိုယ်တိုင်ကတော့ မသိကြတာများပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ….. တကယ်လို့ များ………….. မင်းအပြုံးလေးများမရှိခဲ့ရင်… ဟာတောက်ခွီးမွှားကုန်ပြီ :P
တကယ်လို့ များ ….. အဲ့ဒါမျိုးတွေ ရင်ဆိုင်ရပြီဆိုရင်
လုပ်ချင်တာတွေကများမှာသေချာတယ်…..
၁၀*
ဒီအဖြစ်ကိုသိသိချင်းပဲ အဖေနဲ့  အမေ့ခြေရာယူမယ်….။
အဲ့ဒီအဖြစ်ကြီးတွေးကြည့်ယုံနဲ့ တင် မွန်းကြပ်တယ်.. သေမှာကြောက်လို့ တော့မဟုတ်ဘူး။
ကျွန်တော့်ကိုသိပ်ချစ်လွန်းတဲ့ မေနဲ့ ဖေ ခံစားရမှာကိုကြောက်တယ်။
နိုင်ငံတော်အလံ နဲ့ အတူ လွတ်လပ်ရေးအတွက်အသက်စွန့် သွားတဲ့အာဇာနည်တွေကို အလေးသွားပြုမယ်။ (၀မ်းနည်းစွာ)ဦးသန့် ဂူမှာ ဦးသွားညွန့် မယ် (အထင်ကြီး ၊ လေးစား ၊ ဂုဏ်ယူစွာ)
ပြီးရင်တော့ဂဠုန်ဦးစောအုတ်ဂူ ဘယ်နားရှိလဲတော့မသိဘူး ရှာပြီးတော့ကိုဖြိုပြစ်မယ်။
အမျိုးသား ရေးနဲ့ နိုင်ငံ့ဂုဏ်သရေကိုဖျက်လို့ 
ဆက်ရေးမယ်….
ခုတော့ခံစားရတာတွေဘာတွေဖြစ်လာမှန်းလဲမသိ…
Sep 2
ကိုယ့်ရဲ့ နာမည် ~~~~~ SYNCHRO ( ဆင်ခရို )
ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် ~~~~~ အစ်ကို ၊ ညီလေး ၊ မောင်လေး ၊ စိတ်တိုလာတဲ့သူငယ်ချင်းတွေကတော့ ( ဟဲ့အကောင် ဆိုလားပဲ) ခေါ်ကြတယ် ၊ တစ်ချို့စိတ်ကူးဆန်းသစ်တဲ့ အပေါင်းအသင်းတွေကတော့ ဆိုင်ခရွန် ဆိုလားပဲ ၀ဲဝဲနဲ့ခေါ်ကြတယ်
ကိုယ် ဒီမှာနေတယ် ~~~~~ အင်္ဂါဂြိုလ်၊ ရလွတ်ပလွတ်ခရိုင်၊ ပလွတ်တွတ်မြို့၊ ကျွတ်တွတ်တွတ်ရပ်ကွပ်၊ ဂွင်းလုံးကျွတ်စံအိမ်။ (လာလည်လို့ ရတယ်) :D
ကိုယ့်ဆီ ဖုန်းဆက်ချင်ရင် ~~~~~ ဖုန်းပြီးဆက်စရာမလိုပါဘူးဗျာ ကျွန်တော် ဆင်ကော်ဝယ်ပေးမယ် လူမြင်ကွင်းထွက်ဆက်လည်းရပါတယ် ( အကျိုး ၊ အပဲ့တွေ ) :P
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင် ~~~~~ ဘာအရောင်ကြိုက်သလဲဆိုတော့ ကျွန်တော်တစ်ခါမှမမြင်ဖူးတဲ့အရောင်
အ၀တ်အစားဆိုရင် ~~~~~ ကြိုက်ပါတယ် အားလုံး ဒါပေမယ့် တစ်ခုတော့မကြိုက်ဘူး …
အစားအစာဆိုရင် ~~~~~ မြန်မာဆိုတော့ မြန်မာစာပဲကြိုက်တယ် ၊ တစ်ခါတစ်လေတော့လည်း European စတိုင်နဲ့ စားရတာကြိုက်တယ်
ပစ္စည်းဆိုရင် ~~~~~ ရင်ထဲက တကယ်လိုချင်တာပြောဆိုရင်တော့ နြူကလီးယားဗုံးလိုချင်တယ်ဗျာ
သီချင်းဆိုရင် ~~~~~ အကုန်ကြိုက်ပါတယ် … တစ်ခါတစ်လေဆိုရင် သူတောင်းစားဆိုတဲ့သီချင်းတောင်အားပေးဖြစ်တယ်။ ဒါပေမယ့် သီချင်းကို သီချင်းလိုမဆိုပဲ ဆရာကြီးအထာတွေနဲ့ ဟိုလူ့ တိုက်ခိုက် ဒီလူတိုက်ခိုက်တဲ့သီချင်းတွေမကြိုက်ဘူး။ များသောအားဖြင့် မြန်မာ Hip hop တွေမှာတွေရတယ်။
စာရေးဆရာဆိုရင် ~~~~~ အကုန်ကြိုက်ပါတယ် ဒါပေမယ့် တစ်ဖက်သတ်ဖားစာတွေရေးတဲ့ သီတင်းစာပေါ်ကကောင်တွေတော့မကြိုက်…
စာအုပ်ဆိုရင် ~~~~~ စာအုပ်ဆိုရင် … ကာတွန်းလေးတွေကအစကြိုက်တယ်
( ကျွန်တော့်ရဲ့အပန်းဖြေမှုကတော့ စာဖတ်တာဆိုတော့ အကုန်ကြိုက်)
လိုက်ဖ်စတိုင်လ် ~~~~~ ဖြစ်နိုင်မယ်ဆိုရင် လုပ်ချင်တာမှန်သမျှလုပ်နိုင်တဲ့ဘ၀ ဖြစ်ချင်တယ်။
ဥပမာပြောရရင် မျက်စိရှေ့မှာသနားစရာကောင်းတယ်လို့ ကိုယ့်ဟာကိုယ် ကိုယ့်အသိဥာဏ်နဲ့ကိုယ်ဆုံးဖြတ်လိုက်တဲ့လူတွေကိုတွေ့တယ်ဆိုရင်သူတို့လိုအပ်
ချက်တွေကိုဖြည့်စည်းပေးချင်တယ် ပိုက်ဆံကအစ အရာရာပေါ့
ကိုယ့်ရဲ့ဝါသနာ ~~~~~ အင်း…. ၀ါသနာဆိုတာ ဘာညာဘာညာပါပဲဗျာ လူတွေသတ်မှတ်ချက်တွေပါ
အလိုချင်ဆုံး လက်ဆောင် ~~~~~ ကမ္ဘာရဲ့ဘယ်နေရာကိုသွားသွား မြန်မာလူမျိုးဖြစ်တယ်ဆိုတာသိတာနဲ့အထင်တကြီးဆက်ဆံ ပြုမူနေတာကိုပဲ။
ကိုယ့်ရဲ့ အချစ်ဆုံးသူက ~~~~~ မိဘ၊ မောင်နှမ (အချစ်ဆုံးလို့ တော့မသုံးချင်ဘူး ကျွန်တော်တစ်ယောက်ယောက်ကိုချစ်ရင်အဆုံးသတ်သွားတယ်ဆိုတာကိုမဖြစ်ချင်ဘူး)
ကိုယ့်ရဲ့ အလေးစားဆုံးသူက ~~~~~ သိက္ခာ ရှိရှိနဲ့ကိုမလုပ်နိုင်တာကို အများအတွက်လုပ်ပေးသွားတဲ့သူ
ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက ~~~~~ ကျွန်တော့်မှာအများဆုံးကတော့အဲ့ဒီ သူငယ်ချင်းဆိုတဲ့ ကြီးကြီး ၊ သေးသေး ၊ ပိစိကွေးအဆုံးပဲဗျို့
ကိုယ့်ကို အများဆုံး နားလည်မှုပေးနိုင်သူက ~~~~~ မိဘ
ကိုယ့်ရဲ့ အမုန်းဆုံးသူက ~~~~~ လူမပီသတဲ့သူ၊ ယုတ်မာတတ်တဲ့သူ၊ နည်းနည်းလေးလုပ်နိုင်တာကို ကိုယ့်ဟာကိုအထင်ကြီးအောက်ခြေလွတ်ပြီး သူများကိုအထင်တသေးဆက်ဆံသူ၊ အထူးသဖြင့် ကျွန်တော့်မိဘကို စော်ကားဖူးတဲ့သူတွေ ကတော့ကမ္ဘာမကြေပေါ့ဗျာ
ရင်အခုန်ဆုံး အချိန် ~~~~~ အဲ့လိုမျိုးတော့မရှိပါဘူး နေ့တိုင်းခုန်နေတာပါပဲ (သမိုင်းပေးတာဝန် တစ်ခုအနေနဲ့ ကိုလုပ်နေရတာ မဟုတ်ရင် သေမှာကြောက်လို့  :P )
အကြောက်ဆုံး အချိန် ~~~~~ အခွင့်အရေးသမား ၊ စာရိတ္တပျက်ပြားတဲ့အောက်တန်းစားလို့လူတွေအထင်မှားမှာကိုတော့ သေရမှာထက်ကြောက်တယ်
အပျော်ဆုံး အချိန် ~~~~~ ကျွန်တော်အပေါ်ကပြောသလိုပေါ်ဗျာ မြန်မာဆိုတာကို ကမ္ဘာကလေးစားရင် အဲ့အချိန်အပျော်ဆုံးပဲဖြစ်မှာပါ
အမှတ်တရနေ့ ~~~~~ ကျွန်းနိုင်ငံလေးကို တစ်ယောက်ထဲထွက်လာရတဲ့နေ့ 
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု ~~~~~ ကျွန်တော်ဆုတောင်းတာဝါသနာမပါဘူး
အချစ်ဆိုတာ ~~~~~ အတဲ့ကောင်တွေသာချစ်ခဲ့ကြသည် ထို့ကြောင့် (အ..ချစ်.. ဟုခေါ်သည်)
အမုန်းဆိုတာ ~~~~~ မကောင်းပါဘူးဗျာ မေတ္တာထားကြတာပဲကောင်းပါတယ်။
အလွမ်းဆိုတာ ~~~~~ စိတ္တဇနယ်မြေသစ်တစ်ခုပေါ့ဗျာ
သံယောဇဉ်ဆိုတာ ~~~~~ အချစ်ထက် ခိုင်မာတဲ့ ချည်နှောင်မှုတစ်မျိုး (အမတော်ပြောတာပြည့်စုံနေလို့ သူပြောတာပဲပြန်ထည့်လိုက်တယ်)
ဘ၀ဆိုတာ ~~~~~ ဇာတ်ခုံ
သူငယ်ချင်းဆိုတာ ~~~~~ သူမကောင်းပေမယ့် ကိုယ်ကပြန်ဆိုးစရာမလိုသူ
ချစ်သူဆိုတာ ~~~~~
ကိုယ့်ကိုကိုယ် ဒီလိုထင်တယ် ~~~~~ စိတ်ပညာစာအုပ်တစ်ခုမှာဖတ်ဖူးတာလေးပြန်ပြောမယ်
Do you know who are you and what are you?
If you don’t know,…. You are not so bad.
အဲ့လို့ပဲပေါ့ဗျာ… ကျွန်တော့်ကိုတော့ ကိုယ့်ဟာကိုမသတ်မှတ်တော့ပါဘူး
သူများတွေမြင်တာကပိုမှန်မယ်ထင်တယ်လေ
ကိုယ့်ဟာကို ထင်ဆိုရင် အတ္တတွေပါနေအုန်းမယ်။
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ~~~~~ အခါတစ်ရာထက်မနည်းအမှားတွေလုပ်မိရင်တောင် မှားပါတယ်လို့ တစ်သက်လုံးမပြောဘူး၊ ပြေလည်ဖို့ နည်းလမ်းတစ်ရာလောက်ရှာခဲ့တယ်ပေါ့
(ဒါဒိတ်ဒိတ်ကြဲကြီးတစ်ယောက်ပြောခဲ့တာ ကျွန်တော်ပြောတာမဟုတ်ဘူး)်
အပြောချင်ဆုံး စကားတစ်ခွန်း ~~~~~ စစ်မှန်တဲ့ဒီမိုကရေစီ
Aug 4
icon1 synchro305 | icon2 Uncategorized | icon4 08 4th, 2008| icon34 Comments »
A Shi Ko A Shi A Tine - chit kaung
သိချင်းကြိုက်လို့ ပြန်တင်ထားတာပါ.. အောက်ကစာနဲ့ ဘယ်လိုမျှမသက်ဆိုင်ပါ :P
အိမ်မက်တွေမရှိတော့တဲ့ ဘ၀မှာ
ညတွေက… သက်ပြင်းခိုးချတယ်
ကျီးကန်းတစ်ကောင်က တိတ်တိတ်လေးခိုးရယ် (ရီ)
ခိုးခိုး ခီခီတောင်မည်နေသေးရဲ့
ပိန်းကြာရွက်တွင်ရေမတင်……
လို့ ပြောတဲ့ဆေးကြေငြာတွေမြင်ရင်
တီဗီကို ပြေးပိတ်……..
အေးအေးဆိတ်ဆိတ်နေကျပါ လို့ ပြောချင်တယ်။
ကလေးလေးတစ်ယောက်အော်ငိုမှာစိုးထိတ်လို့ 
တိုးတိုးတိတ်တိတ်အသိပေးတာပါ။
ပျော်ပျော်ရွှင်ရွှင်ပွင့်ချင်တဲ့ ပန်းပင်လေးအတွက်
လောင်းရိပ်တွေ… အကုန်ဆွဲဖွင့်…
ရဲ ရင့်ခဲ့မိတဲ့ ငါ ………
အရာရာကတော့ ဇာတ်နာနေဆဲပဲ။
အလင်္ကာပန်းနှုတ်ခမ်းက
ရာဇသံတွေကြမ်းလွန်းလို့  ဆေးလိပ်ကိုလှမ်းမဲ့လက်တွေတောင်တွန့် တယ်။
တစ်ခါတစ်ခါ ကလေးတစ်ယောက်လို ရန်လို….
SYNCHRO305~
Aug 1
ဒီနေ့ သယ်ရင်း ဘလော့ဂါမလေးတစ်ယောက်လာပြောပြတယ်
သူ့ လော့ကိုပိတ်လိုက်ပြီတဲ့ …. ကျွန်တော်လည်း ဘာဖြစ်လို့ လဲပေါ့ရေးပေါ့ဘာညာနဲ့ ပြောတာပေါ့…
အစကတော့ သူကမပြောဘူး ကျွန်တော်ဇွတ်မေးတော့မှ ပြောပြတယ်
သူ့  ဆီဘောက်မှာလာဆဲသွားလို့ တဲ့  ဘယ်ကကောင်မှန်းမသိဘူးတဲ့ 
ပြီးတော့နောက်တစ်ယောက်က ပဲအဲ့ဒီဆဲတဲ့ကောင်ကို ပြန်ဆဲသလိုလို  နဲ့ လုပ်ထားတယ်တဲ့
ပြီးတော့ ဆိုဒ်လင့်ကိုကျတော့ မကောင်းတဲ့ ဆိုဒ်လင့်ကိုထည့်ထားတယ်တဲ့
သူလည်းသူ့ ဖက်ကကူပေးတယ်ထင်ပြီး ကျေးဇူးတွေတင်ပြီး သွားကြည့်လိုက်တာ မကောင်းတဲ့ဆိုဒ်ဖြစ်နေလို့ အမြန်ပိတ်ပြစ်လိုက်ရတယ်တဲ့။
အော်…………… ဖြစ်မှဖြစ်ရလေဗျာ….
အဲ့ဒီဆဲတဲ့သူကိုကျွန်တော်မသိလို့  သိရင်မေးလိုက်ချင်ပါတယ်…. (သူကလည်းသူ့ ဆိုဒ်လင့်မထည့်ထားဘူးတဲ့)
ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာ… မြန်မာလူမျိုး ဆိုတာကိုရော လက်ခံရဲ့ လား သတ်မှတ်ရဲ့ လားလို့ ပါ။
ဘယ်လို ဖြစ်တယ်… ဆိုတာမသိပေမယ့်… မိန်းခလေးတစ်ယောက်ကို အရှက်တကွဲဆဲတယ်ဆိုတဲ့ သတ္တိ…….
ကိုယ့်ကိုကိုယ်မှန်တယ်ထင်ပြီးဆဲတယ်ဆိုရင်လည်း ပေါ်တင်လုပ်ရတယ်ခင်ဗျ
ဥပမာ ကိုယ်ဘယ်သူဘယ်ဝါပေါ့လေ… ပေါ်တင်လုပ်ရတယ်…..
ခုတော့မလိမ့်တပတ်နဲ့ လုပ်ပြီးတော့ မကောင်းတဲ့ဆိုဒ်ထည့်ပေးလိုက်တယ်ဆိုတော့
မင်းမိဘတွေမင်းကိုမသင်ပေးဘူးလား…. သားသမီးမကောင်းမိဘခေါင်းတဲ့နော်….. မင်းမိဘတွေကိုမသနားဘူးလား။
မင်းမှာ ညီမတွေ အမတွေ မရှိဘူးဆိုရင်တောင် မင်းမှာသေချာတယ် မွေးသမိခင် ရှိမှာပဲ
မင်းမှာ စဉ်းစားဥာဏ်မရှိဘူးလား ………………။
အေး ….. ဒီကိစ္ဓကိုလုပ်ခဲ့တဲ့ သူအနေနဲ့  ဒီပိုစ့်ကို ဖတ်မိရင်…… မကြေနပ်ရင်…. ငါ့ဆီမှာကွန်းမန့် လာရေးသွားသိလား
မင်းဘယ်ကကောင်လဲဆိုတာ…… တည့်တည့်ပဲပေါ့ကွာ ယောကျာင်္းဆိုရင်….။
ခိုးကြောင်ခိုးဝှက်တော့မလုပ်နဲ့ဘလော့မှာ ကျွန်တော့် Email ရှိတယ် မေးလ်ပို့ လို့ ရတယ်။
မိုက်ကြေးခွဲခြင်းမဟုတ်ပါ….. စာနာယဉ်ကျေးရန်အတွက်ပြောခြင်းသာဖြစ်ပါသည်။
လာအားပေးကြတဲ့ တစ်ခြားဘလော့ဂါ ညီအစ်ကိုမောင်နှမတွေအနေနဲ့ ကျွန်တော့်ပိုစ့်ရိုင်းသွားရင်ခွင့်လွှတ်ပေးပါ။
လူလိုနားမလည်တဲ့ လူယောင်ဆောင်နေတဲ့ဟာတွေကို ပြောတာပါ။
လေးစားလျှက်။          ။ SYNCHRO305~
Jul 22
I only want to be with you
i don’t know what it is that makes me loves you so
I only know I never wan to let you go
‘Cause you started something, can’t you see
That ever since we met, you’ve had a hold on me?
It happens to be true, I only want to be with you.
It doesn’t matter where you go or what you do
I wanna spend each moment of the day with you.
Look what has happened with just one kiss
I never knew that I could be in love like this
It’s crazy but it’s true, I only want to be with you.
You stopped and smiled at me, asked me if I’d care to dance
I fell into your open arms and I didn’t stand a chance.
Now listen honey,……
I just wanna be beside you everywhere
As long as we’re together honey I don’t care
‘Cause you started something, can’t you see
That ever since we met, you’ve had a hold on me?
No matter what you do, I only want to be with you ………
No matter what you do, I only want to be with you …….
ကဲကျွန်တော်ဘာမှမပြောခင် ဒီသီချင်းလေးအရင်နားထောင်ကြပါအုန်း….
ခင်ဗျားတို့ ငယ်ငယ်တုန်းကလည်းနှစ်သက်တဲ့ အိပ်ရာဝင်ပုံပြင်လေးတွေတစ်ပုဒ်စီတော့ရှိကြမှာပဲ…
ခုကျွန်တော်ပြောပြမယ့် ပုံပြင်လေးက…
ကျွန်တော့်ငယ်ဘ၀အိပ်ရာဝင်ပုံပြင်တော့မဟုတ်ဘူး….
ကျွန်တော်နည်းနည်းအရွယ်ရောက်လာတော့မေမေ့ကို အမြဲပြောခိုင်းတဲ့ အိပ်ယာဝင်ပုံပြင်လေးဗျ
သီချင်းလေးအရင်နားထောင်ပြီးမှ ဆက်ဖတ်ပါဗျ…
အဲ့ဒါမှ ပိုပြည့်ပြည့်စုံစုံလေးခံစားရမှာ။
:)
လူတိုင်းလူတိုင်းမှာ သမိုင်းဆိုတာရှိကြပါတယ်
တစ်ချို့ ကတော့ ထင်ပေါ်တယ်…. တစ်ချို့ ကျတော့လည်း သူတို့ သမိုင်းကလူမသိသူမသိ
ဘာပဲဖြစ်ဖြစ်လူတွေကတော့ကိုယ့်သမိုင်းကိုရေးနေကျရတာပဲ……
ကိုယ်ရေးတဲ့သမိုင်းရဲ့ တန်ဖိုးကို ကိုယ်သေပြီးတဲ့နောက်မှာ ကျန်နေတဲ့သူတွေကတန်ဖိုးဖြတ်ကျတယ်။
ကျွန်တော်ခုပြောမယ့် သမိုင်းလေးက……….
ကျွန်တော့်သမိုင်းလည်းမဟုတ်ဘူး………
ဘယ်သူ့ သမိုင်းမှလည်းမဟုတ်ဘူး…….
ကြီးကျယ်တာတွေလည်းဘာမှမပါဘူး
ဒါပေမယ့် ကျွန်တော့်အတွက်တော့ အခမ်းအနားဆုံးပဲ
ဘာဖြစ်လို့ လဲဆိုတော့ဒီအကြောင်းလေး က ကျွန်တော် synchro လူဖြစ်လာရတဲ့သမိုင်းလေးမို့ ပါ။
:P
အပေါ်ကသီချင်းလေးက ဖေဖေတို့ ခေတ်ကအရမ်းခေတ်စားတဲ့ Radio သီချင်းလေး……
ဒါများဘာခမ်းနားလို့ လဲလို့ မမေးသေးပါနဲ့ အုန်းခင်ဗျာ
ပြောပါမယ်…..
ဖေဖေ မေမေ့ကိုလိုက်တုန်းက…..
့ဒီသီချင်းလေးဆိုပြရဖို့ သူ့ မှာ တစ်နေ့ တစ်နေ မိုင် ၅၀ လောက်ဝေးတဲ့မြို့ လေးဆီကို ဆိုင်ကယ်စီးပြီးသွားရပါတယ်။
အဲ့ဒီတုန်းက မေမေ ကသူ့ မြို့ မှာတော့လိုက်တဲ့သူများတာပေါ့ခင်ဗျာ
အဲ့ဒီထဲမှာ ဖေဖေက ထိပ်ဆုံးနီးပါးကပြေးနေတာပေါ့ (သိတယ်မလား ကျွန်တော့်အဖေပဲဟာကို :P )
တစ်နေ့ ဖေဖေတစ်ယောက်တည်း လာတဲ့နေ့ တစ်နေ့ ပေါ့
အဲ့နေ့ ကမိုးရာသီဆိုတော့ မိုးကလည်းအသားကုန်ရွာနေတာပေါ့.. တစ်နေကုန်
ဒယ်ဒီ ဖားသားကလည်းဘယ်ရမလဲ မိုးရေထဲမှာပေါ့
ဒီသီချင်းပဲဆိုတာပေါ့
ဆိုလည်းပြီးခါနီးရော မေမေက ထီးထွက်ပေးတယ်
တစ်နေကုန်မိုးမိမယ်ဆိုပြီး ဂရုဏာနဲ့ ပေါ့ဗျာ
အဲ့မှာပြသာနာကတက်တော့တာပဲ မေမေနေတဲ့အိမ်နားမှာ ကလည်းအမြဲတမ်း
ကင်းပုန်းဝပ်နေတဲ့သူတို့ မြို့ ကဘဲနာတွေအမြဲ တစ်ယောက်မဟုတ်တစ်ယောက်ရှိတယ်တဲ့
တစ်ခုဖြတ်ပြောလိုက်အုန်းမယ် အဲ့မြို့ ကလူတွေကတော့ သိပ်အနားမကပ်ရဲ ဘူးမေမေ့နားကို
လက်သံပြောင်ပြောင်နဲ့ လုပ်လို့ အခွက်ရှဲကြလို့ တဲ့ :P
ဒီအထဲမှာမှာ ကျွန်တော့်တူ တဲ့အဖေက (အဲ့လေမှားလို့ ကျွန်တော်ကအဖေနဲ့ တူတာပါ :P ) ဇွတ်တရွတ်လုပ်တော့အနားကပ်ခွင့်တော့ရနေတာပေါ့
အဲ့ကင်းပုန်းတစ်ကောင်ကသူ့ လူတွေသွားခေါ်ပါလေရော
အမေထီးထွက်ပေးတာကိုမနာလိုတော့
အဲ့မှာပဲသူ့ လူတွေ သူတော်ကောင်းကောင်ကြီးတွေ ရောက်လာပါလေရော
အရက်ဆိုင်ကနေပြီးး
မေမေလည်းအိမ်ထဲပြန်ဝင်သွားရော ဒယ်ဒီဖားသားကို ၀ိုင်းတွယ်ပါလေရော…..
ဒယ်ဒီကလည်းဘယ်ခံမလဲ ပြန်ကစ်ကျပေါ့ဗျာ…
အဲ့မှာအမေက ရန်ဖြစ်သံကြားတော့ အိမ်ထဲကနေထွက်လာတာပေါ့
အဲ့အချိန်မှာ ပွဲကတော်တော်ကြမ်းနေပြီ
ဖေဖေနဲ့ သူ့ သူငယ်ချင်း တစ်ယောက် (မေမေ့အိမ်နားနေတဲ့ မေမေ့သူငယ်ချင်း) ကိုဝိုင်းတွယ်တာက ၁၄ ယောက်လောက်ရှိတယ်ဆိုပဲ
ကျွန်တော့်အဖေကလည်း ကျန်ကျောင်းတို့ ၊ ပါဝါရိမ်းဂျားတို့ မဟုတ်တော့ ဘယ်နိုင်မလဲလေနော့
အဲ့မှာ ဖေဖေကနောက်ကရိုက်ခံရလို့ ခေါင်းကွဲနေပြီ
လဲတော့မလဲသေးဘူး ပြန်ချတုန်း
မေမေကမြင်သွားတော့ပြေးထွက်လာပြီး တားတာပေါ့
အဲ့မှာပဲ…
ငမူးကောင်တစ်ကောင်က မူးကြောင်ရူးကြောင်ဝင်ရိုက် တာမေမေ့ကို (ကိုယ့်မြို့ သားကိုမကြိုက်ပဲတစ်ခြားမြို့ သားကိုကြိုက်ရပါ့မလားဆိုပြီး)
အဲ့မှာဖေဖေက မေမေ့ကို ဖက်ထားပြီးကာထားတာပေါ့
သူကြားထဲကအရိုက်ခံပေးတာ … အဲ့ငနာကလည်းတစ်ချက်တည်းမဟုတ်ဘူးဗျာ သုံးလေးချက်ကိုဆင့်ရိုက်တာတဲ့
တော်သေးတယ်… အဲ့အချိန်လူကြီးတွေရောက်လာကုန်လို့ 
အဲ့မှာပဲဖေဖေ့ကို ဆေးရုံတင်လိုက်ရတယ်
ခေါင်းကွဲ ပြီး… ခြေထောက်အရိုးအက်သွားလို့ 
ဒယ်ဒီဖားသားလည်းသွေးထွက်လွန်သလိုဖြစ်သွားတော့သတိမေ့သွားတာပေါ့
ဆေးရုံရောက်ပြီး သုံးလေးရက်လောက်ကြာတဲ့အထိ ဖခမည်းတော်က အူကြောင်ကြောင်လုပ်နေတာတဲ့
မေမေကတော့ သူ့ ကြောင့်အတိတ်တွေဘာတွေမေ့သွားပြီနဲ့ တူတယ်ဆိုပြီး
ဖေဖေအိပ်နေတဲ့အချိန်တွေ (အမှန်မှာအိပ်ချင်ယောင်ဆောင်နေတာတဲ့) ဆိုကုတင်ဘေးလာပြီးတိတ်တိတ်လေးငိုနေတာဆိုပဲ
အဲ့အချိန်တုန်းက ဖေဖေ့ကို မေမေကဖြေမပေးရသေးဘူးပေါ့ဗျာ အဖြေပေးတော့မယ်လို့ စဉ်းစားဆုံးဖြစ်ပြီးတဲ့အချိန်ဆိုတော့
မေမေကလည်းစိတ်မကောင်းဖြစ်ပြီးနေ့ တိုင်းတိတ်တိတ်လေးလာငိုပေါ့ဗျာ….
အဲ့လိုနဲ့ တစ်ရက်မှာ…..
မေမေလာမယ့်အချိန် ထမင်းစားချိန်ပေါ့ အဲ့အချိန်မတိုင်ခင် ဖခမည်းတော်က ဂစ်တာလေးတစ်လုံးကိုသူ့ ကုတင်ဘေးမှာဖွက်ထားတယ်
သူ့ သူငယ်ချင်းကိုယူလာခိုင်းပြီးတော့…..
မားသားကြီးလည်းရောက်လာ….. အဖိုးတို့ အဖွားတို့ ဦးလေးတွေ အဒေါ်တွေကလည်းအပြင်ရှောင်ပေးတာပေါ့။
အဲ့မှာမေမေကဖေဖေ့ကိုကျောပေးပြီး ကော်ဖီဖျော်နေတဲ့အချိန်…
ခုနကတော့ ခမည်းတော်ကအိပ်ချင်ယောင်ဆောင်နေတာ…
ရုတ်တရက်ထပြီးအဲ့သီချင်းလေးဂစ်တာတီးပြီးထဆိုပါလေရော…..
မားသားလဲရုတ်တရက်အရမ်းလန့် သွားတာပေါ့
ကြောင်ပြီးရပ်ကြည့်နေတာတဲ့ သီချင်းပြီးတဲ့အထိ
သီချင်းလည်းပြီးရော ဇတ်တော်တွေထဲကလို ပေါ့ဗျာ မထူးခြားပါဘူး ပြေးဖက် ငိုပေါ့…. :P
နောက်မှမေမေပြန်မေးတာ…… ဘာလို့ အဲ့လိုဟန်ဆောင်နေတာလဲဆိုတော့
သူ့ ဘေးမှာ သူချစ်တဲ့မိန်းမက သူ့ အတွက်ခံစားပြီး မျက်ရည်ကျနေတာကို သူအရမ်းကြည်နူးလို့ တဲ့။
အဲ့အကြောင်းကို စကားစပ်မိလို့ ပဲဖြစ်ဖြစ် … ကျွန်တော်ပြန်ပြောခိုင်းလို့ ပဲဖြစ်ဖြစ်… မေမေပြန်ပြောပြတိုင်း
ဖခမည်းတော်ခမျာ ဗိုက်ခေါက်လိမ်ဆွဲခံရပါလေရဲ့ 
ကျွန်တော်ကလည်း ဖေဖေ့ကိုအမြင်ကပ်ရင်အဲ့အကြောင်းစကားစတယ် ပြန်မေးတယ်
မေမေကလည်းမပျက်မကွပ် လိမ်ဆွဲတယ်……
ဟဟဟဟဟ
အဲ့ဒါ သိပ်မထင်ရှားပေမယ့် ကျွန်တော်လူဖြစ်လာရတဲ့အကြောင်းမို့ 
ကျွန်တော့်အတွက်တော့ ခမ်းနားတယ်……။
မယ်တော်နဲ့ ခမည်းတော်ဒိပိုစ်လေးဖတ်မိရင်တော့ကျွန်တော့်ကိုတီးမှာသေချာတယ်
သူတို့ အကြောင်းဖွလို့ ဆိုပြီး……
ဒါပေမယ့်ဗျာ…
တစ်ခြားနိုင်ငံမှာရောက်နေတဲ့အချိန်သူတို့ ကိုအရမ်းသတိရလာလို့ 
ဒီပို စ်လေးကိုအလွမ်းပြေတင်လိုက်တာပါ။
အားလုံးလည်းနားလည်ကြမယ်လို့ ယူဆပါတယ်။
လေးစားလျှက်။ ။ SYNCHRO305~
« Previous Entries